Chit-Kae Lay
Chit-Kae Lay / Лента

13 октября 2018

Chit-Kae Lay
5 лет назад

Face book က..အ​ခြေအ​နေမ​ကောင်း​တော့ဘူးဆို​တော့
ကိုယ့်​အမျိုး​တွေအများကြီးရှိနိုင်​မယ့်​ဆီ
ကိုယ်​​ယောင်​​ပေ​ပေနက်​​ရောက်​လာခဲ့နိုင်​ပြီ​လေ…
Add​ပေးကြပါဦး friendလဲမရှိ​သေးဘူး..အမျိုး​တွေကို​မျှော်​​နေမယ်​​နော်​…

  • Нравится 0
  • Комментировать 0
  • 0
Пока нет комментариев
Chit-Kae Lay
5 лет назад

ကုလားကိုကုလားလို့လဲ​ခေါ်နိုင်​ဘီ…
ဟိုအဖွားကြီးကိုလဲ..​ပေါ်တင်​ချဲနိုင်​ပြီ…
ဟို..ထမီခြုံ..ဇူစကာဘတ်​လဲ..ဘာမှလုပ်​မရ​တော့ပု
ပျော်​လတ်​ထှာ..လွတ်​လွတ်​လပ်​လပ်​ အားရပါးရ
ဆဲနိုင်​ပြီဖြစ်​​ကြောင်း…

  • Нравится 0
  • Комментировать 0
  • 0
Пока нет комментариев
Chit-Kae Lay
5 лет назад
  • Нравится 0
  • Комментировать 0
  • 0
Пока нет комментариев
Chit-Kae Lay
5 лет назад

ရုရှားတို့ကို အလုပ်ရှုပ်စေသော မြန်မာများ
========================
ဒီရက်ပိုင်းတွင် ရုရှားနိုင်ငံမှ Mail Ru Group လို့ခေါ်သည့် အင်တာနက်လုပ်ငန်းစုကြီး အလုပ်ရှုပ်နေသည်။ ၄င်းတို့ကုမ္ပဏီလက်အောက်မှ VK (VKontakte ) လူမှုကွန်ရက်ဝက်ဆိုဒ်တွင် ၂ ရက်အတွင်း မြန်မာနိုင်ငံမှ လူ ၄ သောင်းကျော် ရောက်လာသည်မို့ အလုပ်မရှုပ်၍လည်း မရ။ အလုပ်ရှိရှိ၊မရှိရှိ လူမှုကွန်ရက်ပေါ်တွင် အချိန်ဖြုန်းနိုင်သူအများဆုံးရှိသောနိုင်ငံ၊ အင်တာနက်တွင် Vote စနစ်နဲ့သာပြိုင်ရပါက ကမ္ဘာ့ဖလားကိုပင် ရနိုင်သည့် နိုင်ငံဖြစ်သည်မို့ ရေရှည်အကျိုးအမြတ်က မက်လောက်စရာဖြစ်သည်။

၂၀၀၆ ခုနှစ်ကတည်းက စပေါ်ခဲ့ပေမယ့် ရုရှားနှင့် အနီးတ၀ိုက်နိုင်ငံများသာ သုံးကြပြီး နာမည်မကြီးခဲ့သည့် VK ။ ပြီးခဲ့သည့် ဧပြီလတုန်းက ဖိလစ်ပိုင်က ဒူတာတေထောက်ခံအုပ်စုတွေ Facebook အစား VK ကို သုံးဖို့ လှုံ့ဆော်ကြတုန်းကလဲ ဒီလောက်မဟုတ်သေး။ အခု မြန်မာနိုင်ငံလှုံ့ဆော်မှ နေ့မအားညမနား အလုပ်ရှုပ်ရလေပြီ။ ကုမ္ပဏီက ကြော်ငြာစရာ မလို၊ သူတို့စားရိတ်နဲ့သူတို့၊ သူတို့ဘာသာစကားနှင့်သူတို့ အချင်းချင်းကြော်ငြာ ပေးကြလို့ ဖေ့ဘုတ်တခုလုံး ပွထနေသည်။ ဆိုရှယ်မီဒီယာတစ်ခုကို ဆိုရှယ်မီဒီယာတစ်ခုကနေ ကြော်ငြာဖို့ မြန်မာတနိုင်ငံထဲသာလုပ်နိုင်သည်မို့ ချီးကျူးတာကတော့ ချီးကျူးရပေမည်။

တစ်ချို့ VK ကြော်ငြာတွေကို ဘာသာပြန်ကြည့်တော့ ရယ်ရသည်။ VK မှာ ၂၀၁၄ ခုနှစ်အထိသာ လုပ်ခဲ့သည့် စီအီးအိုကြီးကို လက်ရှိ VK စီးအီးအို၊ ရုပ်ချောကြီးဟု ကြော်ငြာကြသည်။ မြန်မာအမျိုးသမီးများ အင်မတန်နှာဘူးကျတတ်သဖြင့် ထိုသို့ကြော်ငြာသည်လားတော့ မပြောတတ်။ အကျိုးဆက်က တချို့ဟုတ်ဟုတ်၊ဟုတ်ဟုတ်၊ ထိရရ၊ မရရ ဘူးပြီး VK ရောက်လာကြသည်။ ရောက်ပါစေ။ ဆိုရှယ်မီဒီယာဝက်ဆိုက်သည် အသုံးပြုသူများဖို့အဓိကသာဖြစ်သည်။

မြန်မာစကားတတ်သည့်ဝန်ထမ်းများရဲ့တင်ပြချက်အရ တချို့တွေကတော့ VK အကြောင်း မကောင်းပြောကြသည်တဲ့။ ဇွန်၊ဇာ၊သဉ္စာကအစ Live လွှင့်ပြီးတကိုယ်လုံးချွတ်ပြနေကြသည့် မိန်းကလေးအဆုံး၊ ၁၈ အထက်တွေ ပွထနေသည့် ဖေ့ဘုတ်ထက် VK က ပိုညစ်ညမ်းတာတွေ များသည်တဲ့။ ဒေါ်လာ ၅ သန်းကျော်၊ မြန်မာငွေ ၆၄၆၂ သန်း အကုန်အကျခံစောင့်ကြည့်ရေးအဖွဲ့ စိတ်တိုင်းကျလုပ်နိုင်သည့် ဖေ့ဘုတ်ထက် ယုံကြည်စိတ်ချရမှုနည်းသည်တဲ့။ အင်မတန်အံ့သြစရာကောင်းသည်။ VK တွင် လ လုံးကြီးတင် တစ်ချောင်းငင် လို့ ရိုက်ပါက လို ဟုသာ ကျသည်လို့ မြန်မာစကားတတ်ပါက ပြန်ပြောလိုက်ချင်သည်။

ထိုသို့သော ငပိန်းများ ဘယ်လောက်ပြောပြော VK သို့ရောက်လာသူကတော့ တ​နေ့တစ်ခြားများလာသည်။ မြန်မာနိုင်ငံက တပ်မတော်အကြီးအကဲပေ့ခ်ျရောက်လာသည်။ နေ့ချင်းညချင်းရောက်လာလို့ ရန်သူ အမေရိကန်​တွေက wall street journal မှာ VK အရိပ်ကိုခိုလှုံဆိုပြီး ခနဲ့သရော်ရေးသည်။ ပြဿနာမရှိ။ အမေရိကန်သည် အဆံမရှိ၊ ဟန်သာရှိသည်။ မြန်မာ့တပ်မတော်ဆိုတာ ဘာလဲ ရုရှားတို့ကောင်းကောင်းသိသည်။ မကြာသေးခင်ကမှ မိမိတို့နိုင်ငံမှသွားပြီး Documentary ရိုက်ထားသေးသည်မဟုတ်ပါလား။

VK ကိုပထမဆုံးရောက်လာသူတွေက မြန်မာ့တပ်မတော်က အရာရှိတွေဟုပြောကြသည်။ မြန်မာပြည်သူတွေ အပြောအရ မြန်မာစစ်ဗိုလ်များသည် သိပ်ချမ်းသာကြသည်ဟု သိထားသည်။ အလယ်အလတ်အဆင့် အရာရှိများပင် အမေရိကန်ဒေါ်လာ သိန်း၊သန်းချီချမ်းသာကြသည်တဲ့။ ရုရှားတွင်စာသင်နေသော အရာရှိများ၊ ရုရှားများနှင့်မိတ်ဆွေဖြစ်နေသော အရာရှိများကတော့ ထိုသို့မဟုတ်။ ဒေါ်လာ ၂၀၀၊ ၃၀၀ လောက် လစာရ သည့် အရာရှိတွေ ဘယ်လိုချမ်းသာကြသလဲတော့ မိမိတို့နားမလည်။ ဒင်းတို့မြန်မာများသည် ငခုံးမတ​ကောင်ပုပ်​တိုင်း ​တလှေလုံးပုပ်သည်ဟု​ တွေးတတ်ကြသည်။ ပိန်းလွန်းလှချေတကား။

သူတို့ပိန်းတိုင်း ကိုယ်တွေကတော့ ပိန်း၍မရ။ နာဇီလိုလားတဲ့အဖွဲ့တွေ၊ အစွန်းရောက်အဖွဲ့တွေက VK ကို သုံးကြသည်လို့ သတင်းထွက်နေသည်မို့ ကြိုတော့ ကာကွယ်ရပေမည်။ နေ့ချင်းညချင်း မြန်မာစကားတတ်သည့် ပညာရှင်တွေကို ခန့်ထားလိုက်ရသည်။ မခန့်လို့လဲမရ။ အမုန်းစကား အင်မတန်ပြောတတ်လွန်းသည်ဟု နာမည်ကြီးနေသောနိုင်ငံဖြစ်သည်မို့ ကြိုတင်ကာကွယ်မှ အသုံးပြုသူတွေ ဆက်များလာမည်ဖြစ်သည်။

အတွေ့အကြုံကလဲ အရမြန်လွန်းသည်။ VK အကြောင်းပျံ့နှံ့ပြီး မကြာခင်မှာ ကမ္ဘာ့နာမည်ကြီး ဘုန်းကြီးတပါးအကောင့်ဖွင့်သည်။ မိမိတို့စည်းကမ်းအရကိုက်ညီသည်။ ဘာအမုန်းစကားမှ မတင်။ သို့သော်လည်း အဆိုပါဘုန်းကြီးကို အကောင့်ဖွင့်ခွင့်မပေးဖို့ ရီပို့တွေ၊ ကွန်ပလိန်းတွေ ရာချီ၊ထောင်ချီရောက်လာသည်။ လောလောဆယ် မိမိတို့ကို ဖိအားများ၍ မရသေးသဖြင့် အကောင့်ကို ပိတ်ပေးလိုက်ရသည်။ မိမိတို့ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရေးဆွဲရပေအုံးမည်။

နောက်တ​ယောက်ကတော့ မြန်မာနိုင်ငံမှ နာမည်ကြီး ဘူးလက်လို့ခေါ်ကြသည့် အကောင့်ဖြစ်သည်။ သူ့နာမည်ကို အင်္ဂလိပ်လိုဘယ်လိုစာလုံးပေါင်းပေါင်း သူ့ကို ဘူးလက်လို့သာ ခေါ်ကြသည်တဲ့။ ဘူးလက်သည် ကျည်ဆံ၊ ကျည်ဆံသည် ရုရှားနိုင်ငံ၏ စီးပွားရေး။ ဘူးလက်ကို ကြိုဆိုရမည်။ သို့သော် မိမိတို့ကြိုဆိုမှုက ကြာရှည်မခံခဲ့။ ဘူးလက်သည် ဘူးလက်မဟုတ်။ ဘူးလက်မဟုတ်သည့်လူက ဘူးလက်အကောင့်ကို ဖွင့်သည်တဲ့။ အင်မတန်ရှုပ်သောလူတွေဖြစ်သည်။ ခိုးကြောင်ခိုးဝှက်နှင့် လူတစ်ဖက်သားကို လုပ်ကြံအပုပ်ချဖို့ အချိန်ပေးလုပ်သည်။ မိမိတို့လုံးဝမကြိုက်။ နောင်အဲလို စိတ်ဓာတ်နိမ့်ကျသည့်လူများမရောက်လာအောင် မိမိတို့ကူညီရမည်။

ဝမ်းသာစရာက မြန်မာ့နာမည်ကြီးမော်ဒယ် ခေးကြီးအကောင့်လာဖွင့်သည်။ မိမိတို့အင်မတန်သဘောကျသည်။ မြန်မာတွေမအပ်ခင် မိမိတို့အရင်ပြေးအပ်ရပေမည်။ သဉ္စာ၊ ဖင်ပြာ၊ ရင်ခါ ဘယ်သူထပ်လာလာ၊ မိမိတို့ ကြိုဆိုရမည်။ လတ်တလောသတင်းထွက်နေသည့် ရွှေနှစ်ရွှေကိုပါ အလကားအကောင့်ဖွင့်ပေးချင်သည်။ ကိုယ့်ထမင်းကိုယ်စားပြီး သူတို့နှစ်ယောက်အကြောင်းကို စိတ်ဝင်စားသူက မြန်မာနိုင်ငံမှာ သိန်းသန်းချီရှိသတဲ့။ အံ့သြစရာပင်။

ထားတော့။ လောလောဆယ် ကိုယ့်ကိစ္စကို ကိုယ်အရင်တွေးရပေမည်။ ဒီနှုန်းအတိုင်းဆက်သွားပါက မကြာခင် VK မှာ မြန်မာနိုင်ငံက လူသိန်းနဲ့ချီရောက်လာမည့်ကိစ္စကို အရင်ပြင်ဆင်ရမည်။ လတ်တလော ရောက်လာသမျှ ကတော့ သတင်းတွေတင်တဲ့သူကတင်၊ ဟိုအကောင့်ပြေးအပ်၊ ဒီအကောင့်ပြေးအပ် အလုပ်ရှုပ်သူကရှုပ် မိမိတို့အတွက် ပြဿနာ မရှိသေး။ မြန်မာနိုင်ငံမှာက နီပေါလို့သူတို့ခေါ်ကြတဲ့အုပ်စုကြီးရှိသည်။ မိမိတို့ရုရှားတွင်ရှိသော မူးရူးသုံးစားမရသည့်သူများထက် ပို၍သုံးစားမရသည့်သူများလို့ ပြောကြသည်။ ဦးနှောက်နဲ့စဉ်းစားဥာဏ်မဲ့သည်။ မိုက်ရိုင်းသည်။ ဓာတ်ပုံတု၊ ပေ့ခ်ျတု၊ သတင်းတုများဖြင့် လုပ်ကြံတတ်သည်​လေ။

Показать полностью…
  • Нравится 0
  • Комментировать 0
  • 0
Пока нет комментариев
Chit-Kae Lay
5 лет назад

ချစ်​friတို့..လာaddထားတာ.9000​ကျော်​ရှိတယ်​..​ဘေမချိ​တေးလို့လက်​မခံ​တေးဝူး…
ဘေထည့်​ပီးရင်​..အားလုံးကို..လက်​ခံ​ပေးမယ်​…
ခု​တော့ခဏ​စောင့်​ကြအူး..ဒါဗြဲ…

  • Нравится 0
  • Комментировать 0
  • 0
Пока нет комментариев
← Предыдущая Следующая → 1 2
Показаны 1-5 из 7